ဦးလှဆွေ ကို အမှုဖွင့်တိုင်ကြားထားသူနဲ့ မေးမြန်းချက်

2016-12-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မင်းရွာအပါအ၀င် အနီးနားရွာတချို့မှာ စုန်းအတတ်ကို တစ်ဖက်ကမ်းခတ်သူတွေ ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလှဆွေ ကို မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာအုပ်ချုပ်ရေးမှူး ဦးတင်မြတ် က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဂန့်ဂေါမြို့မ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားပါတယ်။

အမှုဖွင့်တိုင်ကြားထားသူ ဦးတင်မြတ် ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့