0:00 / 0:00
ကုလသမဂ္ဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ် မောင်တောဒေသကို အချက်အလက်ရှာဖွေရေးအဖွဲ့တွေ စေလွှတ်ဖို့ ဒီကနေ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ပြဿနာပေါင်းစုံကို ဖြေရှင်းနေတဲ့ မြန်မာနိုင်ငံအတွက် အထောက်အကူ မဖြစ်တာကြောင့် မြန်မာစိုးရက သဘောမတူဘူးလို့ သမ္မတရုံးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဦးဇော်ဌေးကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
