0:00 / 0:00
မကွေးတိုင်းဒေသကြီး ပေါက်မြို့မှာရှိတဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံအကြောင်း ဖော်ပြခဲ့တာကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံထားရတဲ့ ယူနတီသတင်း ဂျာနယ်က အမှုဆောင်အရာရှိချုပ် ကိုတင့်ဆန်းနဲ့ သတင်းသမား ၄ ဦးဟာ ထောင်ဒဏ် ၂ နှစ်နီးပါးကျခံအပြီးမှာ ဒီနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာပါတယ်။
ပခုက္ကူအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ယူနတီသတင်းထောက် ကိုလူမော်နိုင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
