အနိုင်ရ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ကိုယ်စားလှယ်နဲ့ မေးမြန်းချက်

0:00 / 0:00

ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိ အစိုးရဖွဲ့ထားနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာမှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)က ကိုယ်စားလှယ် ဦးသဲရယ် အနိုင်ရရှိခဲ့ပါတယ်။

ကယားပြည်နယ်မှာ လိုအပ်နေတဲ့ ကျေးရွာဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနဲ့ မြေယာလုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး ကယားပြည်နယ်နဲ့ ကိုက်ညီတဲ့ ဓလေ့ထုံးတမ်းဥပဒေတစ်ခု ပေါ်ထွက်လာအောင် လုပ်ဆောင်သွားမယ်လို့ ဦးသဲရယ် က ပြောပါတယ်။

အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။