မကွေးအစိုးရဟောင်းက ရန်ပုံငွေ ၁ ဘီလီယံကျော်ကို ပြည်ခိုင်ဖြိုး ပါတီအတွက် အသုံးပြုခဲ့ကြောင်း တွေ့ရှိ

0:00 / 0:00

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက ကောက်ယူထားပြီး အစိုးရသစ်ထံ လွဲှပြောင်းပေးခြင်းမရှိဘဲ ပျောက်ဆုံးနေတဲ့ ရေနံလက်ယက်တွင်း ရန်ပုံငွေ ၇ ဘီလီယံကျော်ထဲ ၁.၇ ဘီလီယံကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် အသုံးပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲဒီ ၇ ဘီလီယံကျော်ကို ဘယ်လိုနေရာတွေမှာ အသုံးပြုခဲ့တယ်ဆိုတဲ့ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်း ထားပါတယ်။