0:00 / 0:00
ကချင်ပြည်နယ် ဝိုင်းမော်မြို့သာဂရ၊ သရက်တော ဘုန်းတော်ကြီးကျောင်းမှာ နေထိုင် နေကြတဲ့ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော်ကို WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကနေ စားနပ်ရိက္ခာတွေအစား လူတစ်ဦးကို ထောက်ပံ့ကြေးငွေ ကိုးထောင်ကျပ် ပြောင်းလဲ ထောက်ပံ့တဲ့အစီအစဉ်ကို အခု ဇန်နဝါရီလမှာ ပထမဆုံး အကြိမ်အဖြစ် စတင်လိုက်ပါတယ်။
စစ်ဘေးဒုက္ခသည်စခန်းက တာဝန်ခံတစ်ဦးဖြစ်သူ ဦးမြင့်အောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
