ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်နဲ့ တွေ့ဆုံမေးမြန်းချက်

2013-11-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ကမ္ဘာ့ဘဏ်က  မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကို ပထမဆုံးအကြိမ် စတင်ထုတ်ဝေလိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ ပြီးခဲ့တဲ့ ၂၀၁၂/၂၀၁၃ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၆.၅% အထိရှိခဲ့တဲ့အတွက် တိုးတက်မှုနှုန်းကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက အဓိကနိုင်ငံခြားတင်ပို့နေတဲ့ ဓါတ်ငွေ့၊ သယံဇာတနဲ့ အထည်ချုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတက်နေသလို တိုင်းပြည်ပွင့်လင်းလာတဲ့အတွက် ပြည်တွင်းမှာလည်း ဆောက်လုပ်ရေးနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ များလာနေပြီး စီးပွားရေးကောင်းလာနေတယ်လို့ သုံးသပ်ထားပါတယ်။

အစီရင်ခံစာပါအကြောင်းနဲ့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ ဆောင်ရွက်နေမှုတွေကို ရန်ကုန်မြို့ ကမ္ဘာ့ဘဏ်ရုံးခွဲက စီးပွားရေးပညာရှင် ဒေါ်မေသက်ဇင်ကကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးဝင်းနိုင်က ဒီနေ့ တွေ့ဆုံမေးမြန်းထားပါတယ်

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့