0:00 / 0:00
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက အနည်းဆုံး အခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ ပေးဖို့ ဒီနေ့ သတ်မှတ်လိုက်ပါတယ်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် ကော်မတီအစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အလုပ်သမားကိုယ်စားလှယ် ကိုဝင်းဇော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။