ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကနဲ့ မေးမြန်းချက်

0:00 / 0:00

မန္တလေးတိုင်းဒေသကြီး အိုးဘိုအကျဉ်းထောင်မှာ ၈ လနီးပါးကြာ ဖမ်းဆီးခံထားရပြီး တရားမဝင် ကျောက်မျက်တူးဖော်မှု၊ သာသနာညိုးနွမ်းစေမှု၊ တရားမဝင်သစ်သိမ်းဆည်းထားမှု စတဲ့ ပုဒ်မ ၃ ခုနဲ့ တရားရင်ဆိုင်နေရတဲ့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒက ကို ဒီနေ့ ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးထုတ်မှာ စစ်ဆေးရမယ့် တရားလိုပြသက်သေ မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး မလာတာကြောင့် မစစ်ဆေးဖြစ်ပဲ ရုံးချိန်းသတ်မှတ်ပေးလိုက်ပါတယ်။

တရားရုံးထုတ်မှာ ရှိနေတုန်း ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒက ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်လျှောက်ထားခဲ့ပါတယ်။