YBS ယာဉ်လိုင်းတချို့က ကားတွေ ယာဉ်စီးခလျှော့ချလို့ ဆန္ဒပြ

0:00 / 0:00

လေအေးပေးစက် တပ်ဆင်မထားတဲ့ YBS ကားတွေရဲ့ ယာဉ်စီးခတွေကို အရင် ပုံသေ ၂၀၀ ကနေ ခရီးစဉ်အပိုင်းအလိုက် ၁၀၀/၂၀၀ ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ယာဉ်လိုင်းတချို့က ကားတွေမထွက်ဘဲ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ယာဉ်လိုင်းနံပါတ် ၁၈၊ ၄၂ တို့က မနက်ပိုင်းက မထွက်ကြဘူးလို့ ကြားသိရကြောင်း YBS မှာပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဦးကိုကိုနိုင် က ပြောပါတယ်။ ဦးကိုကိုနိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။