ရန်ကုန်မြို့မှာ သြင်္ကန်ရက်တွေအတွင်း စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်တာကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ စည်ပင်သာယာရေးကော်မတီက ပိတ်ပင်လိုက်ပါတယ်။
ရေအလေအလွင့် ဆုံးရှုံးတာတွေ မဖြစ်အောင် အခုလို စီမံဆောင်ရွက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။
ဗိုလ်မှူးကြီး တင်အောင်ထွန်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
