0:00 / 0:00
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးက အစိုးရအဖွဲ့ ၅ နှစ်တာသက်တမ်းအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့ကြတဲ့ အဖွဲ့အစည်း ၃၃ ဖွဲ့ကို နိုင်ငံ့စွမ်းဆောင်ရည်ဆုအနေနဲ့ မနေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ချီးမြှင့်ခဲ့ပါတယ်။
တချို့ သင့်တော်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ဒီနှစ်မှာ မပါတဲ့အတွက် ဝေဖန်မှုတွေရှိနေပါတယ်။
ဒီနှစ်မှာ ပေးအပ်တဲ့ဆုတွေကို ဘယ်လိုသတ်မှတ်ပြီး ချီးမြှင့်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
