လူမှုဝန်ထမ်းဝန်ကြီးဌာန ရှင်းလင်းပွဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေအနေနဲ့ နစ်နာမှုရှိတယ်ဆိုရင် တရားစွဲဆိုနိုင်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ မေလ ၁၇ ရက်နေ့က ကျင်းပတဲ့ အစိုးရရဲ့ ဒုတိယတနှစ်တာကာလ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။