စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြပေးမဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့် နေပါပြီ။
ဒီတစ်ပတ်အစီအစဉ်မှာတော့ ထိုင်းနိုင်ငံမှာ မြန်မာစီးပွားရေးလုပ်ငန်းတွေအတွက် ဥပဒေပိုင်းဆိုင်ရာ အကြံအညဏ်ပေးမှုတွေလုပ်ဆောင်နေတဲ့ လူငယ်လုပ်ငန်းရှင် မနွဲ့ဒါလီဇော်ကို ဖိတ်ခေါ်ထားပါတယ်။
မနွဲ့ဒါလီဇော်ဟာ စစ်အာဏာသိမ်းပြီးနောက် ပြည်ပကိုထွက်ခွာလာရတဲ့လူငယ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ သူ ပထမဆုံးထူထောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခု ပြိုလဲသွားပြီးနောက် ဘ၀ကို ခက်ခက်ခဲခဲနဲ့ ပြန်လည်ရုန်းထခဲ့ရတယ်လို့ပြောပါတယ်။
ဒီအစီအစဉ်ကို RFA ရဲ့ Facebook, YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။
