ကျောင်းသူဘ၀ကို စွန့်လွှတ်ပြီး လက်နက်ကိုင်ခဲ့သူ

စိန်ခေါ်ချက်များနဲ့မြန်မာလူငယ် အပိုင်း(၂၅)

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစား ရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း တင်ပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါတယ်။

ဒီတစ်ပတ်အစီအစဉ်မှာတော့ ဆယ်တန်းတက်နေရင်းက စစ်အာဏာသိမ်းမှုနဲ့ကြုံတဲ့အချိန်မှာ စာသင်ခန်းကို စွန့်ခွာပြီး လက်နက်ကိုင်ပြီး စစ်တပ်ကိုပြန်တိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မမိထော် နဲ့ စကားပြောထားပါတယ်။

မမိထော်ဟာ ကယားပြည်နယ်အခြေစိုက် ကယားပြည်နယ်အခြေစိုက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)မှာ တာဝန်ထမ်းဆောင်နေပြီး သူ့ရဲ့အိပ်မက်ဟာ စစ်အာဏာရှင်တွေ ပြုတ်ကျပြီး တိုင်းပြည် ဒီမိုကရေစီရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။

စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် အစီအစဉ်ကို RFA ရဲ့ Facebook, YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။