ပုဂံ၊ ညောင်ဦး-ပုပ္ပါးလမ်းဘေးက သက်ကြီးရွယ်အိုများ

ပုဂံ-ညောင်ဦးကနေ ပုပ္ပါးကိုသွားတဲ့ လမ်းပိုင်းမှာ ရွာ ၁၃ ရွာခန့်ရှိနေပြီး လမ်းဘေးဝဲယာ တဖက်တချက်မှာ ဘုရားဖူး ခရီးသွားကားတွေဆီကနေ ငွေကြေးတောင်းသူတွေ ရှိနေပါတယ်။ အမှန်တကယ် ငွေကြေးအဆင်မပြေလို့ တောင်းရမ်းသူတွေရှိသလို ငွေအလွယ်ရလို့ တောင်းနေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

RFA သတင်းထောက် ကိုအောင်သိင်္ခ စုစည်းတင်ပြထားပါတယ်။