ဒီးမော့ဆိုမြို့နယ်က အုပ်ချုပ်ရေးဝန်ထမ်း ၃၀ ကျော် ဆန္ဒပြပွဲမှာ ပါဝင်လာ

2021-02-11
Share
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒီနေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒေသခံတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ စုစုပေါင်း သုံးသောင်းကျော် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကယားပြည်နယ်က ဆန္ဒပွဲမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနေ့ကစတင်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ အထွေထွေအုပ်ချုပ်ချုပ်ရေးဝန်ထမ်းတွေ ပါဝင်လာပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနေ့က ဒီးမော့ဆိုမြို့နယ်မှာ စစ်အာဏာရှင် ဖီဆန်ရေး လှုပ်ရှားမှုကြောင့် တိုင်ကြားခံရတဲ့ အထွေထွေမြို့နယ်အုပ်ချုပ်ရေး ဝန်ထမ်းတွေကို ဝန်းရံတဲ့ သပိတ်စစ်ကြောင်းဖွင့်ခဲ့ပြီး အဲ့ဒီသပိတ်စစ်ကြောင်းမှာ ရပ်ကျေး အုပ်ချုပ်ရေး မှူးတွေက ဒီနေ့ စုပေါင်းပြီးပါဝင်ခဲ့တာပါ။
ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်တာကြောင့် ပြည်သူတွေရဲ့အသံကို ကိုယ်စားပြုသွားမယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇိုဝါနီက-
“ ကျနော်လုပ်ရတဲ့ရည်ရွယ်ချက်က ပြည်သူကိုအခြေခံတဲ့ ပြည်သူအုပ်ချုပ်တဲ့ စနှစ်မျိုးကို လိုလားနေတာပါ။ မာရှယ်လောသုံးတဲ့ တစ်ချက်လွတ်အမိန့် အပေါ်ကနေ ချလာတဲ့အမိန့်ကို ကျနော်တို့ကမနှစ်သက် မလိုလားဘူး ”လို့ပြောပါတယ်။
ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးတွေ အနေနဲ့ ပြည်သူလူထုနဲ့ တစ်သားတည်းရှိနေပြီး ပြည်သူနဲ့အတူစစ်အာဏာရှင်ကို ဆန့်ကျင်နေတာဖြစ်တယ်လို့ ပြောကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒိုမင်းနီးကိုက-
“ ကျနော်က ပြည်သူရွေးကောက်ထားတဲ့ အုပ်ချုပ်ရေးမှုုးဖြစ်တဲ့အတွက်ကြောင့် ပြည်သူနဲ့တစ်သားတည်းပဲ စစ်အာဏာရှင်ကို ကျနော်တို့ဆန့်ကျင်ပါတယ်။ စစ်အာဏာရှင်ကို ကျနော်တို့အလိုမရှိဘူး။ ဆိုတော့ စစ်အာဏာရှင်ကို အမြန်ဆုံးပြည်သူအာဏာကိုပြန်လွဲပေးပါလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်”
ဒီးမော့ဆိုမြို့နယ်အတွင်းက ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေ သဘောထားကို ထုတ်ပြန် ထားပြီးဖြစ်သလို စစ်အာဏာရှင်အုပ်ချုပ်ရေးကော်မတီ လက်အောက်မှာ တာဝန်ထမ်းဆောင်မှာ မဟုတ်ဘူးဘဲ အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်ကြမယ်လို့ ပြောကြပါတယ်။
“ ကျနော်တို့အစွမ်းကုန်သွားမှာပဲ ကျနော်တို့လူထုနှင့်အတူ အစွမ်းကုန်သွားမှာပဲ။ ကျနော်တို့ကခွဲထွက်နေမှာတော့ မဟုတ်ဘူး အဓိကလူထုကရွေးချယ်တဲ့အတွက်ကြောင့် လူထုကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးမှုုးတစ်ယောက်ပီပီ ကျနော်တို့ ကလူထုနဲ့တစ်သားတည်းရပ်တည်သွားမှာပါ” လို့ ထီးပိုးကလိုး ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးသဲရယ်ကပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင်း သုံးဆယ်ကျော် ပါဝင်ခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့