အားကစားကွင်းများ ပျောက်ဆုံးခြင်း

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွေ အနေနဲ့ အာရှဖလားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ စတဲ့ပွဲတွေမှာ အောင်မြင်မှုမရဘဲ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်နေပါပြီ။ အခုလို မြန်မာ့ဘောလုံးစွမ်းရည် နိမ့်ကျလာတာဟာ အားကစားကွင်း မြေနေရာတွေကို အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက သိမ်းယူခဲ့တာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

ကျွမ်းကျင်သူတွေ၊ ဘောလုံးဝါသနာရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်း တင်ပြထားပါတယ်။