ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း (၁၊ ၂၊ ၃) ရပ်ကွက်က အသိမ်းခံထားရတဲ့ မြေနေရာတွေ ပြန်လည်ရှိဖို့အတွက် ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပုဒ်မ (၁၈) နဲ့ တရားစွဲဆိုထားတဲ့အမှုကို ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ မြေနေရာ တောင်းဆိုသူတွေကလည်း မိကျောင်းကန်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
