ပဲခူးတိုင်း ဖြူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်ဟာ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ သူရဦးရွှေမန်းက ဦးသန်းညွန့်ကို ဂုဏ်ပြုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် မထုတ်ပြန်သေးပေမယ့် အနိုင်ရနေပြီလို့ သေချာတဲ့ NLD ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်ကို RFA သတင်းထောက် မဇာဏီထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
