ကွန်လွန်သူ တောင်အာဖရိကသမ္မတဟောင်း နယ်လဆင်မန်ဒဲလား ဦးဆောင်ပြီး၊ ကမ္ဘာ့နိုင်ငံ အသီးသီးက သမ္မတဟောင်းတွေ၊ ဝန်ကြီးချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders (ခေါ်) “ကမ္ဘာ့ ရပ်မိရပ်ဖအဖွဲ့” ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်မှာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
