သီလဝါစီးပွားရေးဇုန် မြေယာလျော်ကြေး

ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုန် B ဒုတိယအဆင့် စီမံကိန်း အတွင်းမှာ ပါနေတဲ့ မြေယာတွေအတွက် လျော်ကြေးနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ဒေသခံတချို့နဲ့ ညှိနှိုင်းနေပေမယ့် ပြေလည်မှု မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့ပြင် ပြောင်းရွှေ့ နေရာချထားပေးမယ့် အစီအစဉ်နဲ့ ပတ်သက် လို့ုလည်း ညှိနှိုင်းတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုထွန်းမြင့် က တင်ပြထားပါတယ်။