သီလဝါစီမံကိန်းကြောင့်ပြောင်းရွှေ့ခံရသူများ

ရန်ကုန်တိုင်း သံလျင်မြို့အနီးမှာ ဂျပန်နိုင်ငံနဲ့ ပူးပေါင်းတည်ဆောက်နေတဲ့ သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းဧရိယာထဲက အိမ်ခြေ ၆ဝ ကျော်ကို ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှာ ကျောက်တန်းမြို့အနီးက မြိုင်သာယာ တိုးချဲ့ရပ်ကွက်ကို ပြောင်းရွှေ့ နေရာချပေးခဲ့ပါတယ်။ ပြောင်းရွှေ့ခံရသူတွေဟာ လက်ရှိမှာ အလုပ်အကိုင်မဲ့ ဖြစ်နေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။