ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- DPN နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ ရန်ကုန်မြို့က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ဒီနေ့ လေးကြိမ်မြောက် တွေ့ဆုံခဲ့ကြပြီး ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ UNFC က အဆိုပြုထားတဲ့ အချက် ၉ ချက်ကို ဆွေးနွေးခဲ့ကြပြီး နှစ်ဘက်လက်ခံနိုင်တဲ့ အချက် ၉ ချက်ကို မူအားဖြင့် သဘောတူတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြပေးပါလိမ့်မယ်။
