စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစား ရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း တင်ပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသက်အငယ်ဆုံး လွှတ်တော်အမတ် တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းနဲ့ စကားပြောထားပါတယ်။
ကိုအောင်ဟိန်းမင်းဟာ အသက် ၂၅ နှစ်အရွယ်မှာပဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပေမဲ့ လွှတ်တော်တက်ဖို့ နာရီပိုင်းအလိုမှာပဲ စစ်တပ်အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရပါတယ်။
စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် အစီအစဉ်ကို RFA ရဲ့ Facebook, YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။
