ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်တို့ နိုဝင်ဘာလ (၁ဝ) ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာ ဒုတိယမြောက်နေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့အတွက် UNFC ဘက်က တောင်းဆိုထားတဲ့ အချက် ၈ ချက်ကို ဆွေးနွေးကြတာဖြစ်ပြီး မပြီးပြတ်သေးတဲ့အတွက် ဆက်ပြီး ဆွေးနွေးကြအုံးမယ်လို့ သိရပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
