UPDJC အစည်းအဝေး ပြန်လည်ကျင်းပ

တစ်နှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကော်မတီ UPDJC အစည်းအဝေးကို အစိုးရငြိမ်းချမ်းကော်မရှင်၊ လွှတ်တော်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အတွင်းရေးမှူး အဖွဲ့တွေ ဒီနေ့ ရန်ကုန်မြို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ နှစ်ရက်ကြာ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။

RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။