ဒု-သမ္မတဦးမြင့်ဆွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ

နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ချက် နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီဇင်ဘာလ ၁ရက်နေ့က ရန်ကုန်မြို့ UMFCCI ကုန်သည်များနဲ့ စက်မူလုပ်ငန်းရှင်များ အသင်းချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းပြည်စီးပွားရေးတိုးတက်ဖို့အတွက် ဒုတိယသမ္မတက ဦးဆောင် ပြီးလုပ်ဆောင်ရမယ်လို့ အောက်တိုဘာလ ၂၂ရက်နေ့က နေပြည်တော် အစည်းအဝေးမှာ ညွှန်ကြား ထားတာဖြစ်ပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။