လက်ဆေးပြီးပြီလား


2020.04.02

တကိုယ်ရေသန့်ရှင်းရေးဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပွားနေတဲ့ COVID 19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်ရေးမှာလည်း တကိုယ်ရေသန့်ရှင်းရေးက အဓိကကျပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အများစုက အစားအစာစားတာကအစ လက်ကိုအသုံးပြုတဲ့အတွက် တခြားနိုင်ငံတွေထက် လက်သန့်ရှင်းရေးမှာ ပိုဂရုစိုက်သင့်တယ်ဆိုတဲ့အကြောင်း မမြသဲခိုင် က RFA အတွက် ရိုက်ကူး တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။