ရန်ကုန်တိုင်း အမှိုက်သိမ်းစနစ် ကောင်းမွန်ရေး

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အမှိုက်သိမ်းစနစ် ပိုမိုကောင်းမွန်ရေးနဲ့ လာမယ့်မိုးရာသီမှာ အမှိုက်တွေပိတ်ဆို့ပြီး ရေကြီးရေလျှံမှုတွေ မဖြစ်အောင် အမြန်ဆုံးဖြေရှင်းပေးဖို့ အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဆွေးနွေးအတည်ပြုလိုက်ပါတယ်။

RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြထားပါတယ်။