မန္တလေးပစ်ခတ်နှိမ်နင်းမှု မျက်မြင်ဆရာဝန်တဦးရဲ့ ပြောပြချက်

နေရိန်ကျော်(ဝါရှင်တန်ဒီစီ)
2021.02.20

ဖေဖော်ဝါရီလ ၂၀ ရက်ညနေက မန္တလေး ၄၁ လမ်းမှာ စစ်တပ်နဲ့ရဲက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွဲလို့ ကိုဝေယံဖြိုးဆိုတဲ့ လူငယ်တယောက်နဲ့ ကိုမင်းဆိုတဲ့လူလတ်ပိုင်း တယောက် စုစပေါင်း (၂) ယောက် သေဆုံးပြီး အနည်းဆုံး အယောက် (၅၀) ကျော် ဒဏ်ရာရခဲ့တဲ့အကြောင်း မျက်မြင်ကြုံတွေ့ ကုသပေးခဲ့တဲ့ ပရဟိတဆရာဝန်တယောက်က RFA ကိုပြောပြပါတယ်။

သူပြောပြတဲ့ အကြောင်းအရာနဲ့ ပစ်ခတ်ချိန်က ပြည်သူတွေနဲ့ ဒေသခံသတင်းထောက်တွေ မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်မှန်ဗီဒီယိုတွေကို ပူးတွဲတင်ပြထားပါတယ်။ အဲဒီဖြစ်ရပ်မှာ သေဆုံးသူ ၇ ယောက်ထိ ရှိနေပြီး၊ ၁၇ ယောက် အသက်စိုးရိမ်ရတယ်လို့ အွန်လိုင်းမှာ ပျံ့နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။

မန္တလေးဆေးရုံကြီးမှာ ဆရာဝန်တွေက စစ်အာဏာရှင်တွေနဲ့မပူးပေါင်းရေး CDM လှုပ်ရှားမှုမှာ ပါနေပေမယ့် သေနတ်မှန်ထားတဲ့သူတွေကို ကြိုးစားကုသနေပြီး ဒီနေ့မနက်လင်းအားကြီးအချိန် ထိ ဆက်သွယ်လို့မရသေးပါဘူး။ အခုလို သေဆုံး၊ ဒဏ်ရာရတဲ့ဖြစ်ရပ်နဲ့ ပျောက်ဆုံးနေတဲ့သူတွေ၊ ဖမ်းဆီးခံရတဲ့သူတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာအာဏာပိုင်တွေကိုဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
စစ်ဘေးကြောင့် ရန်ကုန်ကိုရောက်လာတဲ့ ငပလီကောက်ညှင်းထုပ်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။