အလုပ်သမားဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲ

အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုတွေမှာ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ၁ဝ သိန်းထက် မနည်းတဲ့ဒဏ်ငွေ ပေးဆောင်ဖို့ ပြဋ္ဌာန်းထားတဲ့ အလုပ်သမားဥပဒေဟာ အလုပ်သမားတွေအတွက် နစ်နာမှုတွေ ရှိနေတာကြောင့် ဒီဥပဒေကို ပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်းအတွင်းက ဇန်နဝါရီလ ၁၆ ရက်နေ့က လှိုင်သာယာမြို့နယ်မှာ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။