မကြာခင်ပြန်စမယ့် ရန်ကုန်တိုင်းလွှတ်တော်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေကို ၃ လကျော်ကြာရပ်နားထားရာကနေ လာမယ့် စက် တင်ဘာလ ၂၉ ရက်နေ့မှာ ပြန်လည်စတင်ကျင်းပမှာဖြစ်ပါတယ်။ အခုလိုလွှတ်တော်အစည်းအဝေးတွေ အချိန်ကြာကြာရပ်နားထားတာကို လွှတ်တော်ကိုယ်စားလှယ် အတော် များများက သဘောမတူကြပါဘူး။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ချို့ရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။