ရန်ကုန်သြင်္ကန်မဏ္ဍပ်အရေး ဆွေးနွေးပွဲ

2016-04-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

သြင်္ကန်ကာလမှာ စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့် မပေးတော့တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အနုပညာရှင်တချို့ တိုင်းအစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ သြင်္ကန်မဏ္ဍပ် အရေအတွက် ကန့်သတ်လိုက်တာကို အနုပညာရှင်တွေ အနေနဲ့ နားလည်မှုနဲ့ ပူးပေါင်း ပါဝင်ပေးကြဖို့လည်း ဦးဖြိုးမင်းသိန်းက တိုက်တွန်းလိုက်ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့