မစ္စယန်ဟီးလီနဲ့ စစ်တွေမြို့မိမြို့ဖတွေ့ဆုံပွဲ

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမမှာ စစ်တွေမြို့မိမြို့ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့မိမြို့ဖ တဦးဖြစ်တဲ့ ဦးကျော်သိန်းကို RFA သတင်း ထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။