တပ်မတော်ကအငြိမ်းစားယူထားသူတွေကို တရားလွတ်တော်ချုပ်ရုံးမှာ အဆင့်မြင့်ရာထူး ခန့်အပ် လိုက်တဲ့အပေါ် တောင်ကြီးမြို့မှာ ရှေ့နေတွေက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖဲကြိုးအဝါဝတ်ဆင်ပြီး ကန့်ကွက်ခဲ့ကြသလို မန္တလေးမြို့မှာလည်း စက်တင်ဘာလ ၁၄ ရက်နေ့က အလားတူ ကန့်ကွက်ခဲ့ကြပါတယ်။ RFA သတင်းထောက် မမေသဒ္ဓါက တင်ပြ ထားပါတယ်။
