ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့တဲ့ မောင်ဇင်မျိုးသူ နာရေး

အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ အာရှနွေဦးတော်လှန်ရေးနေ့ မှာ ဦးခေါင်း ကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မောင်ဇင်မျိုးသူ (ခ)ရရှစ်ကို အစ္စလာမ်ဘာသာရေး ထုံးစံအတိုင်း ဒီနေ့မနက်မှာ ဒါရ်ကာကုန်း ကဘရ်စတန် (ပိန္နဲကုန်းသုသာန်) မှာ ဒဖန် ပြုလုပ်ခဲ့ပါတယ်။