0:00 / 0:00
ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာကနေ ထွက်ပြေးလာသူတွေနဲ့ အိမ်ရှင်အဖြစ် လက်ခံထားသူတွေ စုစုပေါင်း ၂၆ ဦးထဲက ၁၃ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁)(၂) နဲ့ ဒီနေ့ တရားစွဲတင်လိုက်ပါတယ်။
ကျောက်တော်မြို့ အမှတ်-၅၃၉ တပ်ရင်းက ဗိုလ်မှူး နိုင်အောင်ဖြိုးက တရားလိုလုပ်ပြီး ကျောက်တော်မြို့နယ် တရားရုံးမှာ စွဲဆိုခဲ့တာဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးထွန်းလှ က ပြောပါတယ်။
ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့သံသယနဲ့ အခုလို တရားစွဲတင်တာလို့လည်း ရှေ့နေ ဦးထွန်းလှ က ပြောပါတယ်။
နောက်ထပ်ကျန်ရှိနေတဲ့ ၁၃ ဦးကိုတော့ ဒီနေ့ညနေမှာ ခံဝန်နဲ့ စစ်တွေမြို့မရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။
