နိုဝင်ဘာလ ၁ဝ ရက်နေ့လည် ၁၂ နာရီ အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အနိုင်ရစာရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၁၆၈ ဦးနဲ့ ဦးဆောင်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၃ ဦး ၊ တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားလှယ် ၉၅ နဲ့ အနိုင်ရနေတာ ဖြစ်ပါတယ်။
အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦး၊ တိုင်းဒေသကြီး/ပြည် နယ် ကိုယ်စားလှယ် ၅ ဦး ရရှိနေတာဖြစ်ပါတယ်။
တခြား အနိုင်ရပါတီတွေကတော့
- ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦး
- ဝ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ ရှမ်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦး
- ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ ကချင် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ၂ ဦး
- မွန်အမျိုးသားပါတီက မွန်ပြည်နယ်ကိုယ်စားလှယ် ၁ ဦး
- ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး တို့အသီးသီးအနိုင်ရနေတာဖြစ်ပါတယ်။
ဒီစာရင်းဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁ဝ ရက်နေ့ မွန်းတည့်ချိန် အထိထုတ်ပြန်ခဲ့တဲ့ စာရင်းဖြစ်ပါတယ်။
