မြိုင်မြို့နယ် သဒွတ်ရွာက အိမ် ၂၅ လုံး မီးရှို့ဖျက်ဆီးခံရ

2022.01.16
မြိုင်မြို့နယ် သဒွတ်ရွာက အိမ် ၂၅ လုံး မီးရှို့ဖျက်ဆီးခံရ မကွေးတိုင်း မြိုင်မြို့နယ် သဒွတ်ရွာ မီးရှို့ဖျက်ဆီးခံထားရတာကို ၂၀၂၂ ဇန်နဝါရီ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း မြိုင်မြို့နယ် သဒွတ်ရွာကို ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီးနောက် နေအိမ် ၂၅ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ကိုးနာရီလောက်မှာ မီးရှို့ခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြိုင်မှာ စစ်ကြောင်းတွေက အနှံ့အပြား ခွဲပြီးထိုးနေတာတွေရှိတယ်။ သူတို့ လျှောက်သွား ရင်း သူတို့ မသင်္ကာတဲ့ ရွာတွေဆို မီးရှို့တာ။ ဒါစောစောပိုင်း လွန်ခဲ့တဲ့ ၂ ရက်လောက်က လည်း ရေနံကျင်းတွေကို မီးရှို့တာတွေရှိတယ်"

ညောင်ပင်လယ်ရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနက် ၁၁ နာရီလောက်မှာ နေအိမ်တွေကို မီးရှို့ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုအရေအတွက် အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။

ကျောက်ခွက်ရွာနဲ့ နယ်သတ်ရွာတွေက ရေနံလက်ယက်တွင်းတွေကိုလည်း စစ်ကောင်စီ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။

အခုလို မြိုင်မြို့နယ်ထဲက ကျေးရွာတွေကနေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကစပြီး မြိုင်မြို့နယ် အနောက်ပိုင်းနဲ့မြောက်ပိုင်းက ရွာတွေထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ နယ်မြေရှင်းလင်းရေးအနေနဲ့ ဝင်ရောက်လာလို့ ထောင်နဲ့ချီ တဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။