သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေထဲက ၉ ဦးနဲ့ သတင်းထောက် ၂ ဦး စုစုပေါင်း ၁၁ ဦးကို အစိုးရက လွှတ်ပေးခဲ့ပါတယ်။
ကျန်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျောင်းသား ၉ ယောက်ရယ် သတင်းထောက် ၂ ယောက်ရယ် ၁၁ ယောက်၊ စစ်ဆေးရေးရုံးခေါ် သွားရင် ခေါ်သွားမယ်၊ မခေါ်သွားရင် မခေါ်သွား ဘူး၊ လွှတ်ပေးမယ်အစီအစဉ်ရှိတယ်လို့တော့ သိရတယ်"
ဒီလ ၁ဝ ရက်နေ့က လက်ပံတန်းမြို့ ကျောင်းသား သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျောင်း သား ကျောင်းသူတွေနဲ့ အားပေးဝန်းရံသူ စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲ့ဒီထဲက ကျောင်းသား ကျောင်းသူ ၁၇ ဦးကို မနေ့က လွှတ်ပေးလိုက်ပြီး ဒီနေ့ ကျောင်းသူ ကျောင်းသား ၉ ဦးကို ထပ်မံလွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေဟာ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မွန်၊ မုံရွာ စတဲ့တက္ကသိုလ်ကျောင်းတွေ က ကျောင်းသား ကျောင်းသူတွေဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ Reporter သတင်းဂျာနယ်က သတင်းထောက် ကိုဖြိုးအောင်မြင့်ကို RFA သတင်းထောက် မခင်ပြည့်စုံက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
