ဖမ်းဆီးခံကျောင်းသားတွေ ကို ပြန်လွှတ်ပေးဖို့ ၈၈ အဖွဲ့တောင်းဆို

0:00 / 0:00

လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးထားတဲ့ကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဆွေးနွေး အဖြေရှာတာမျိုးမဟုတ်ဘဲ အခုလို အကြမ်းဖက်ဖြိုခွင်း တာကို လက်မခံနိုင်ဘူးလို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြော ပါတယ်။

"ကျနော်တို့ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတယ်၊ ကျနော်တို့ တောင်းဆိုချက်ထဲမှာလည်းပါတယ်၊ ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားလို့ရတဲ့ နည်းလမ်းတွေ ရှာဖွေကြမှာပါ"

အကြမ်းဖက်ဖြိုခွဲမှုအတွင်း ကျောင်းသား ကျောင်းသူတွေ နဲ့အတူ ဒေသခံ လက်ပံတန်းမြို့က ပြည်သူစုစုပေါင်း တစ်ရာဝန်းကျင် အဖမ်းခံရတယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့က သပိတ်စခန်းကို ဖြိုခွင်းလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ လှည်းတန်းအနီးတစ်ဝိုက်မှာလည်း ဆန္ဒပြကြပါတယ်။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။