နမ္မတီးက စစ်ဘေးရှောင်တွေကို ၈၈ အဖွဲ့ စားနပ်ရိက္ခာ လှူဒါန်း
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က ကေအိုင်အေတပ်ရင်း ၁၁ အခြေစိုက်တဲ့ ကဆုန့်ကျေးရွာနားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေ အနေတွေကြောင့် နမ္မတီးမြို့ပေါ်ထွက်ပြေးလာတဲ့ မိသားစုဝင် တစ်ထောင်ကျော် ကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ အခြေခံစားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်း ပါတယ်။
-
2017-08-16 -
-
-
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က ကေအိုင်အေတပ်ရင်း ၁၁ အခြေစိုက်တဲ့ ကဆုန့်ကျေးရွာနားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေအနေတွေကြောင့် နမ္မတီးမြို့ပေါ်ထွက်ပြေးလာတဲ့ မိသားစုဝင် တစ်ထောင်ကျော်ကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ အခြေခံစားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းပါတယ်။
မြစ်ကြီးနား၊ နမ္မတီး၊ တနိုင်း ဒေသတွေဘက်က လတ်တလောထွက်ပြေးလာသူတွေ လိုအပ်တဲ့ အခြေခံ စားနပ်ရိက္ခာတွေ ကျပ်သိန်း ၂၀၀ ဖိုးခန့် လှူဒါန်းဖို့ စီစဉ်ထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က မမီးမီး က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက နမ္မတီးမြို့ရဲ့ မြောက်ဘက် ၁၀ မိုင်အကွာက ကေအိုင်အေတပ်ရင်း ၁၁ အခြေစိုက်တဲ့ ကဆုန်းရွာတဝိုက်မှာ ကေအိုင်အေနဲ့ အစိုးရရဲ့ အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၃ လက်အောက်ခံ တပ်တွေနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။
အခုလောလောဆယ်မှာ နမ္မတီးမြို့ လမ်းခွကျေးရွာ ကချင်နှစ်ခြင်းအသင်းတော် နဲ့ ကက်သလစ် အသင်းတော် ကယ်ဆယ်ရေးစခန်းမှာ မိသားစုဝင်တွေနဲ့ အနီးပတ်ဝန်းကျင်က ရွာသားစုစုပေါင်း တထောင်လောက် ထွက်ပြေး ခိုလှုံနေကြသလို မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်က မြန်မာနိုင်ငံ ဧဝံဂေလိ(အေဂျီ) အသင်းတော်မှာလည်း ခိုလှုံနေကြပါတယ်။