၈၈ ကျောင်းသားများ ရွေးကောက်ပွဲ အစီရင်ခံစာထုတ်ပြန်

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ယေဘူယျအားဖြင့် အဆင်ပြေချောမွေ့ခဲ့တယ်လို့ သတ်မှတ်နိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတွေက ဒီကနေ့ ထုတ်ပြန်တဲ့ရွေးကောက်ပွဲ ဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက်က ထုတ်ပြန်သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာ အမှတ် (၁) ၏ မျက်နှာဖုံးပုံ ဖြစ်ပါသည်။ (Photo courtesy of Election Monitoring Network.88)

စာမျက်နှာ ၁၀ မျက်နှာပါတဲ့ ရွေးကောက်ပွဲဆိုင်ရာအစီရင်ခံစာ မူကြမ်းကို အင်္ဂလိပ် မြန်မာနှစ်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပြီး၊ ရန်ကုန် သင်္ကန်းကျွန်းမှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား ရုံးခန်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ ပါတယ်။

ဒီအစီရင်ခံစာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖြစ်ပျက်ခဲ့တဲ့ အချက်အလက်တွေကို အသေးစိပ်ဖေါ်ပြထားပြီး၊ သင်္ခန်းစာယူနိုင်မယ့် အချက်တွေကိုလည်း အကြံပြုထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ အချို့သော မူမမှန်မှုများ၊ အငြင်းပွားဖွယ် မဲဆန္ဒရှင်စာရင်းများနဲ့ ပြည့်နှက်နေခဲ့ကြောင်း၊ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ကြောင်း စသည်ဖြင့် ဒီအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီ သတင်းနဲ့ ပတ်သက်ပြီး ဦးဇော်မိုးကျော်က ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org