၈၈ မျိုးဆက် ထန်းတပင်မြို့နယ်မှာ ဟောပြော

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ဒီကနေ့ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုကိုကြီး(စမ်းချောင်း)တို့ သွားရောက် ဟောပြောခဲ့ကြပါတယ်။

ထန်းတပင်မြို့နယ် ရွာသစ်ကျေးရွာမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ဒေသခံ ပြည်သူတွေကို အာဏာ တစ်ခုတည်းနဲ့ မအုပ်ချုပ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲကိုအနောက်ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ တောင်သူ လယ်သမားတွေ အပါအဝင် ဒေသခံ ပြည်သူ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။