ဖမ်းဆီးခံ လယ်သမားစာရင်း ၈၈ မျိုးဆက်အဖွဲ့ ပြုစုတင်ပြမည်
လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေနဲ့ အဖမ်းခံထားရတဲ့ လယ်သမားတွေ စာရင်းကို အတိအကျပြုစုပြီး အစိုးရထံ တင်ပြသွားမယ်လို့ ၈၈မျိုးဆက် ကျောင်းသားနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လယ်သမားရေးရာကော်မတီက ဒီနေ့သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်ပါတယ်။
-
2013-10-18 -
-
-
Your browser doesn’t support HTML5 audio
လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေနဲ့ အဖမ်းခံထားရတဲ့ လယ်သမားတွေစာရင်းကို အတိအကျပြုစုပြီး အစိုးရထံတင်ပြသွားမယ်လို့ ၈၈မျိုးဆက် ကျောင်းသားနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လယ်သမားရေးရာကော်မတီက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ရန်ကုန်မြို့ ၈၈မျိုးဆက် ကျောင်းသားနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာကျင်းပတဲ့ နယ်ဒေသအသီးသီးက လယ်သမားတွေနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ၈၈မျိုးဆက်လယ်သမားရေးရာဌာနက ကိုထွန်းမြင့်အောင် ပြောခဲ့တာပါ။
ဒီနှစ်ပိုင်းအတွင်း လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေကို အစိုးရကဖမ်းဆီးမှုတွေ များလာတဲ့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအကျဉ်းထောင်အသီးသီးမှာ နိုင်ငံတော်အကြည်ညို ပျက်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မတွေနဲ့ အဖမ်းခံထားရတဲ့ လယ်သမားအရေးဆောင်ရွက်သူ ဆယ်ဂဏန်းအထိရှိတယ်လို့ သိရပါတယ်။
၈၈မျိုးဆက်ကျောင်းသားနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လယ်သမားရေးရာကော်မတီကကျင်းပတဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် မရတနာဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။