၈၈ မျိုးဆက်တွေ ပါဝင်မယ့် နိုင် ငံရေးပါတီ ဖြစ်မြောက်ရေးကော် မတီကို ဖွဲ့စည်းမည်
2017.04.10
၈၈ မျိုးဆက်ကျောင်းသားတွေ ပါဝင်မယ့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပေါ်လာဖို့အတွက် တွေ့ဆုံနွေးပွဲကို ရန်ကုန်မြို့ UMFCCI မှာ မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့စဉ်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ဦးဆောင်ပါဝင်မယ့် နိုင်ငံရေးပါတီထူထောင်ဖို့အတွက် ပါတီဖြစ်မြောက်ရေးကော်မတီကို လာမယ့်မေလအတွင်း ဖွဲ့စည်းမယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။
ပါတီမူဝါဒတွေရေးဆွဲဖို့နဲ့ ပါတီမှတ်ပုံတင်ဖို့အတွက် ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ဦးမင်းဇေယျက ပြောပါ တယ်။
"မေလအတွင်းမှာတော့ ပါတီဖြစ်မြောက်ရေးကော်မတီကို အကောင်အထည်ဖော်ဖို့တော့ လျာထားတယ်၊ အခုက သြင်္ကရောက်နေတာနဲ့ လူစုရတာခက်တော့လေ၊ ပါတီဖြစ်မြောက်ရေး ကော်မတီမှာပါတဲ့သူတွေကတော့ ပါတီ တစ်ရပ်အနေနဲ့ လိုအပ်တဲ့ မူဝါဒစည်းမျည်းတွေ၊ ပါတီဖွဲ့စည်းပုံရေးဆွဲဖို့တွေပေါ့နော်၊ ပါတီကို မှတ်ပုံတင်တဲ့ အခါမှာ founder တွေအနေနဲ့ပေါ့နော်၊ ပါတီဖြစ်မြောက်ရေးကော်မတီကပဲ စဉ်းစားဆွေးနွေး ပြီးတော့ အဓိက လုပ်ငန်းစဉ် နှစ်ရပ်ပေါ့ဗျာ"
ပါတီကိုမှတ်ပုံတင်ရေးကိုတော့ ဒီနှစ်ကုန်ပိုင်းလောက်မှသာ ဆောင်ရွက်နိုင်မယ်လို့လည်း ပြောပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ ပါဝင်ကြမယ့် ပါတီတစ်ခုထူထောင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၃၀နဲ့ ၃၁ ရက်နေ့တွေက ကျင်းပခဲ့ပါတယ်။









