ရှစ်လေးလုံး အထိမ်းအမှတ် ရန်ကုန်မှာ ချီတက်ပန်းခွေချ ဂုဏ်ပြု

ဒီကနေ့ကျရောက်တဲ့ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်းအားစု အပါအဝင် အဖွဲ့ရှစ်ဖွဲ့စုပေါင်းပြီး ဒီကနေ့မနက် ၉ နာရီလောက်က ရန်ကုန် ပြည်လမ်းမ ဟံသာဝတီအဝိုင်း ကနေ မြို့တော်ခန်းမရှေ့အထိ ချီတက်လမ်းလျှောက်ကြ ပါတယ်။

နိုင်ငံရေးအကျဉ်သားဟောင်းများ အင်အားစုအဖွဲ့နဲ့ ပြည်သူ လူထုတွေဟာ သြဂုတ်လ ၈ ရက်နေ့မှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအမှတ်တရအနေနဲ့ ဟံသာဝတီအဝိုင်းကနေ ဆူးလေအထိ ဂုဏ်ပြု လမ်းလျှောက်နေစဉ် photo: RFA/ Kyaw Lwin Oo

ဒီကနေ့ကျရောက်တဲ့ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်းအားစုအပါအဝင် အဖွဲ့ရှစ်ဖွဲ့စုပေါင်းပြီး ဒီကနေ့မနက် ၉ နာရီလောက်က ရန်ကုန် ပြည်လမ်းမ ဟံသာဝတီ အဝိုင်းကနေ မြို့တော်ခန်းမရှေ့အထိ ချီတက် လမ်းလျှောက်ကြပါတယ်။

လွန်ခဲ့တဲ့ ၂၅နှစ်က ၈ လေးလုံးလုထုအရေးတော်ပုံကြီး မှာ ကျဆုံးသွားသူတွေကို အလေးပြုလိုတာကြောင့် လမ်းလျှောက်ရတာလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့က ဒေါ်ဖြူဖြူက RFA ကိုပြောပါတယ်။

ဒါ့အပြင် မနက် နာရီ ၈ မိနစ်အချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးသွားခဲ့တဲ့သူတွေရဲ့ မိသားစုဝင်တွေအပါအင် ရာဂဏန်းရှိတဲ့ ပြည်သူ လူထုက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခဲ့ကြပါတယ်။

ပန်းခွေချတဲ့အဖွဲ့က ခွင့်ပြုချက်ရယူခဲ့တာဖြစ်ပေမဲ့ လမ်းလျောက်ချီတက်တဲ့အဖွဲ့ဟာ ခွင့်ပြုချက်မယူခဲ့တာကြောင့် မြို့နယ်ရဲတပ်ဖွဲ့တွေကတားဆီးြပီး ခွင့်ပြုချက်ယူဖို့ သတိပေးခဲ့ပါတယ်။

ရှစ်လေးလုံးအရေးအခင်းမှာ ကျဆုံးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းရှစ်ခုအပါအင် ပြည်သူတစ်ရာနီးပါးက ရန်ကုန်မြို့ ဟံသာတီအိုင်းကနေ မြို့တော်ခန်းမအထိ လမ်းလျှောက်ပြီး လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသလို ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုင်တွေကလည်း မြို့တော်ခန်းမရှေ့မှာ လွမ်းသူ့ပန်းခွေချ ဆုတောင်းခဲ့ကြပါတယ်။

ဒီအကြောင်း RFAသတင်းထောက် မရတနာဦးက သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org