NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်

ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်တွေကို ပိတ်ပင်ထားတယ်လို့ မိမိအနေနဲ့ ယူဆ တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ဘူးလို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဒီကနေ့ ပြောလိုက်ပါတယ်။
2010-08-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထောင်ထဲတွင် ၁၄နှစ်ကျော် နေခဲ့ရပြီး ၂၀ဝ၈ စက်တင်ဘာ ၂၃ရက်နေ့က လားရှိုးထောင်မှ လွတ်မြောက်လာသော NLD လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေကို စမ်းချောင်းနေအိမ်သို့ ပြန်ရောက်လာပြီး စက်တင်ဘာ ၂၅ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)
ထောင်ထဲတွင် ၁၄နှစ်ကျော် နေခဲ့ရပြီး ၂၀ဝ၈ စက်တင်ဘာ ၂၃ရက်နေ့က လားရှိုးထောင်မှ လွတ်မြောက်လာသော NLD လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေကို စမ်းချောင်းနေအိမ်သို့ ပြန်ရောက်လာပြီး စက်တင်ဘာ ၂၅ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)
RFA

ရွေးကောက်ပွဲဝင်ဖို့ တည်ဆဲ ဥပဒေတချို့နဲ့ ငြိစွန်းနေတယ်ဆိုတဲ့ အချက်ကို ပြန်လည် ချေပတဲ့စာ တင်ပြခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က နောက်ထပ် ဝန်ခံချက် လက်မှတ်ထိုးဖို့ တောာင်းဆို လာတာကြောင့် တောင်းဆိုချက်အတိုင်း လိုက်ပြီး လုပ်ဆောင်ပေးပါက ပါတီရဲ့ သိက္ခာပါ ထိခိုက်လာတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ပါတီမှတ်ပုံတင်တုန်းက တည်ထောင်သူ ၁၉ ဦးမှာ အန်ကယ်တို့ ၄ ယောက်လည်း ပါပါတယ်။ အဲဒီတော့ မှတ်ပုံတင်တုန်းက ဒီဥပဒေပဲ လက်မှတ်ထိုးထားပြီးတော့ အခုလည်းထပ်ပြီး ဒီဥပဒေ ၉ ခုကိုပဲ ထပ် လက်မှတ်ထိုးပါ ဆိုတဲ့အခါကျတော့ သဘာဝယုတ္တိက သိပ်မကျဘူးလေ။ ဒီပါတီခေါင်းဆောင် အနေနဲ့ အန်ကယ် တာဝန်ယူပြီး မှတ်ပုံတင်ထားပြီးတော့မှ ပါတီခေါင်းဆောင်တယောက်ဟာ ဒီလောက်တောင်မှပဲ ရွေးကောက်ပွဲ ဝင်ဖို့ကို အောာက်လျှို ဝင်ရတော့မယ့် အနေအထားမျိုး ရောက်သွားတဲ့အခါ ပါတီသိက္ခာကျတော့၊ နောက်တခါ လျှောက်ထားလို့ ရှိရင်လည်းပဲ ရမယ် မရမယ် မသေချာဘူး။ ဒီလို အခြေအနေ ပေါ်လာတဲ့အခါကျတော့ မဝင်တာက ပိုကောင်းတယ်ဆိုပြီးတော့ ဆက်ပြီးတော့လဘ့ည်း လျှောက်လွှာမတင်ဘူး၊ ဝင်ဖို့လည်း မဆုံးဖြတ်တော့ပါဘူး”

အခု ဆုံးဖြတ်ချက်ဟာ မိမိရဲ့ ကိုယ်ပိုင်ဆန္ဒ သဘောထားအရ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်တွေကို ပြန်ကြည့်မယ်ဆိုရင် ပုဂ္ဂိုလ်ရေး ဆန်နေတယ်လို့ ဆိုပါတယ်၊

“စမေးကတည်းက ဒါ ပါတီ အထောက်အခံနဲ့ စဉ်းစားရမှာလား၊ တဦးချင်း စဉ်းစားရမှာလို့ မေးပြီးတော့မှ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးကို မေးတော့ ဒါ ပါတီနဲ့ မဆိုင်ပါဘူးတဲ့၊ တဦးချင်း ဆုံးဖြတ်ရမယ့် ကိစ္စပါတဲ့။ အဲဒီတော့ ပါတီဗဟိုကလည်းပဲ ဘာမှမတတ်နိုင်ဘူး၊ ပုဂ္ဂိုလ်ရေး ဖြစ်သွားပြီလေ ဒါက”

ဦးခင်မောင်ဆွေ အနေနဲ့ ရွေးကောက်ပွဲကို မဝင်ပေမယ့် ပါတီတာဝန်တွေကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ တွေ့ဆုံခဲ့တဲ့ ဦးခင်မောင်ဆွေနဲ့ အခြား ခေါင်းဆောင် သုံးဦးအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ ကိစ္စကို ကိုယ်ပိုင်ဆန္ဒနဲ့ ဆုံးဖြတ်ခွင့် ပြုထားတယ်လို့ ပါတီဥက္ကဌ ဒေါက်တာသန်းငြိမ်းက အာအက်ဖ်အေကို ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့