NLD ပါတီ တည်ထောင်ခြင်း ၂၂ နှစ်ပြည့် ရန်ကုန်နှင့် နယ်များမှာ ကျင်းပ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တည်ထောင်ခြင်း ၂၂ နှစ် ပြည့်တဲ့ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် ဒီကနေ့ ပါတီ ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဦးအိမ်မှာ ကျင်းပခဲ့ပါတယ်။

2010.09.27
NLD_22_annivasary_305_z.jpg အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပစဉ် NLD ဗဟိုအမှုဆောင် အဖွဲ့ဝင်များ တက်ရောက်နေပုံ ဖြစ်ပါသည်။ (ဝဲ မှ ယာ) ဦးသန်းထွန်း၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးအုန်းကြိုင် တို့ဖြစ်ပါသည်။ (Photo: RFA )
(Photo: RFA )
ဒီအခမ်းအနားမှာ စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ဥပဒေနဲ့ အညီ ဆန့်ကျင် သပိတ်မှောက်ဖို့ ဦးတင်ဦးက တက်ရောက်လာတဲ့ ပါတီဝင်တွေနဲ့ ဧည့်သည်တော်တွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားနဲ့ပတ်သက်ပြီး ဒုတိယဥက္ကဋ္ဌ ဦးတင်ဥၤီး အဖွင့်မိန့်ခွန်းပြောနေစဉ် ပါတီ ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်က RFA ကို ခုလို ပြောပြပါတယ်။

မနက် ၁၀ နာရီက စတင် ကျင်းပတဲ့ NLD  တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားကို ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ အမျိုးသမီး ခေါင်းဆောင်များနဲ့ လူငယ် အဖွဲ့ဝင်များ တက်ရောက်ကြောင်း ပြောပါတယ်။

ဦးတင်ဦး အခမ်းအနား မိန့်ခွန်းပြောအပြီးမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ပါတီရဲ့ ၂၂ နှစ်တာခရီးနဲ့ အတွေ့အကြုံတွေကို ပြောဆိုပါတယ်။ ဦးဝင်းတင်က ‘ရံသုံးရံ’ ဆိုတာကို ရှင်းလင်း ပြောကြားရာမှာ NLD ကို ဝန်းရံကြ၊ လွှတ်တော်ကို ဝန်းရံကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဆိုပြီး ဆောင်ရွက်တဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြောပြသွားပါတယ်။

အခမ်းအနားကို တက်ရောက်သူ ပါတီဝင်တွေနဲ့ ဧည့်သည်တော် စုစုပေါင်း ၂၀၀ ခန့် ရှိပြီး မွန်းလွဲ ၁နာရီခန့်အထိ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ကြားခဲ့ရသလို NLD ပါတီ တည်ထောင်ခဲ့တာ ၂၂ နှစ်ပြည့်မြောက်တဲ့ ပွဲကျင်းပတဲ့ အချိန်မှာ စစ်အစိုးရက ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားပြီး ဖြစ်နေပါတယ်။

ဒီကနေ့ ကျင်းပတဲ့ NLD ပါတီ၂၂ နှစ်ပြည့် အခမ်းအနားနဲ့ ပတ်သက်ပြီး အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကို ဗန်ကောက်မြို့ရောက် RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။